အခန်း (၄)
ကာရန်ဆက်စပ်နိုင်သည်များ
အသံမစပ်သောကာရန် (၆၄)သွယ်ဟိကြောင်း ဖော်ပြခပြီလီယာ။ ထို့အပြင် ဖော်ပြပါစပ်နည်းရို့၌ အသံကာရန်အပြင်၊ အနီးစပ်အသံကာရန်များဖြင့်လည်း စပ်ဆိုထားကြောင်းတွိ့နိုင်ပေသည်။
ဥပမာ။ စပ်နည်း (၂) ၌-
“ဆိုက်” နှင့် “ဖြစ်” ကို၎င်း၊ “ဇာ” နှင့် “တော်” ကို၎င်း၊
စပ်နည်း (၁) ၌-
“တော်” နှင့် “ခါ”ကို၎င်း၊ “ရား” နှင့် “လော” ကို၎င်း၊ အသံကာရန်အဖြစ်ယူထားလီသည်။
ထို့အပြင် စပ်နည်း (၁)၌-
“နု” နှင့် “ဖူး”ကို၎င်း၊ အနီးစပ်သံ သို့မဟုတ် သံပြောင်းသံခွဲအဖြစ်သုံးထားသည်။
ဤသို့လျှင် စပ်နိုင်သော ကာရန်များမှာ အောက်၌ဖော်ပြထားသည့်အတိုင်း လေ့လာနိုင်သည်။
“အူ” နှင့် “အု” ကာရန်စပ်ပုံ
ဆုထူးယူကေ၊ ကောင်းမှုတို့မေ (ဇိသျှင်ခိုးကေ ကဗျာမှ)