နှောင်းအတိတ် သမိုင်းပုံရိပ်များ
သူ့ကျွန်မခံ ဗိုလ်ချင်းပျံ၏ တော်လှန်ရေးခရီး
ဘာသာပြန်ဆိုသူ မောင်ဦးရှင်နှင့် အောင်ကျော်သိန်း
အချိန်ကား ရခိုင်ရို့ ထီးကျိုးစည်ပေါက် နန်းမပျောက်မှီကာလ (၁၇၈၄)ခု မတိုင်မီ နှစ်ပေါင်း ၁၀၀ ကျော် အချိန်ကဖြစ်သည်။
ရခိုင်ပြည်၏ နိုင်ငံရေး၊ ပြည်ထဲရေး အထူးသဖြင့် နန်းတွင်းအရေးအခင်းများသည်
မငြိမ်မသက်နှင့် အယှုပ်အထွီး ဖြစ်နိန်သောကာလ ဖြစ်သည်။ ရခိုင် ရာဇပလ္လင်ကို
အပိုင်အုပ်စိုးရန် ရခိုင်အမျိုးသားအချင်းချင်း သူတစ်လူ ငါတစ်မျိုးဖြင့်
နည်းမျိုးစုံဖြင့် ကြိုးပမ်းနိန်ကြသည်။ ရခိုင်အမျိုးသားအချင်းချင်းကြားတွင်
စည်းလုံးညီညွတ်ရေးမှာ အဖတ်ဆယ်မရအောင် ပြိုကွဲလျှက်ဟိနိန်ပါသည်။
မြောက်ဦးမြို့တော်၏ အမိန့်ကို မနာခံသော မြို့စား နယ်စား များသည် သူတလူ
ကိုယ်တမင်း ဖြင့် တိုင်းပြည်ကို အုပ်ချုပ်လျှက် ဟိကြသည်။
ထိုအချိန်တွင် ရခိုင်ခေါင်းဆောင်တချို့သည် မိမိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ
တစ်နိုင်ငံဖြစ်သော ဗမာပဒေသရာဇ် သျှင်ဘုရင်ထံ လားရောက်၍
ရခိုင်ပြည်တွင်းအရေးအား ငြိမ်ဝပ်ပီးရန်အတွက် အကူအညီလားရောက် တောင်းဆို
ခပါသည်။ ထို့ကြောင့် ဗမာ ပဒေသရာဇ်သျှင်ဘုရင် ဘိုးတောင်မောင်ဝိုင်းသည်
သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်အား ကျူးကျော်ဝင်ရောက်ပြီး နန်းရိပ်
ထီးဖြူကို အလွယ်တကူ သိမ်းပိုက်ရယူနိုင်ခသည်။ ၎င်းနောက်ပိုင်း
ရခိုင်တစ်မျိုးသားလုံးမှာ သူ့ကျွန်ဘ၀သို့ လူလုံးမလှ ကျရောက်ခကြရပါသည်။