Friday, August 27, 2010

ရခိုင်သဘာဝတေးကဗျာစပ်နည်း (အပိုင်း-၃)

 အခန်း (၃)

ရခိုင်သာခြင်းစပ်ဟန်များ (၁)

တစ်ပါဒခေါ် တပိုဒ်ကို အက္ခရာလေးလုံးစီ သတ်မှတ်ထားသည်။ ပါဠိသဒ္ဒါကျမ်းရို့၌ကား ထိုသို့သတ်မှတ်မှုမဟိချေ။ အက္ခရာအပေါင်းကို “ပဒ” ဟူ၍သာ ဆိုလီသည်။ “ပဒ”အပေါင်းကို ဝါကျ (စကားခွန်း) ဟူ၍ဆိုသည်။ ထိုကြောင့် လေးလုံးတပါဒမှာ ထိုဖွဲစပ်နိန်သော စာပိုဒ်ကိုလိုက်၍ သတ်မှတ်ခြင်းသာဖြစ်သည်။

ယင်းသို့လေးလုံးတပါဒကို တပုဒ်ကျစီကုံး၍ ပါဒပေါင်း များစွာဖွဲ့စပ် ဆက်စပ်ထားခြင်းကို စာပိုဒ်ဟုခေါ်တွင်လီသည်။ အကြောင်းအရာတခုလုံးကို ယင်းသို့တပိုဒ်သီးသီးဖြင့် သီကုံးလျှင် “ဧကပိုဒ်” ဟုခေါ်သည်။ ပိုဒ် ပိုဒ်ပြု၍စီကုံးလျှင် “ပိုဒ်”စုံမည်လီသည်။ ယင်းသို့စပ်ရာ၌ ဖော်ပြပါသုံးပါ၏ကာရန်တစုံယူပုံမှာ အေက်ပါအတိုင်းဖြစ်လီသည်။

(က) အကြွင်းထားပေ၊ စကားနေသော်၊ ကြားလေသသူ (၄-၃၂)
(ခ) ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်ကေ၊ ချက်ရိုင်ပြည့်စုံ (၄-၃-၂)
(ဂ) တီတီနက္ခတ်၊ ကြံဆုံးဖြတ်၍၊ ပါဒ်ဗဇနာ (၄-၃-၁)

ရခိုင်သဘာဝတေးကဗျာစပ်နည်း (အပိုင်း-၂)

အခန်း (၂)

သာခြင်းကဗျာစပ်ရန် ကာရန်များ

သာခြင်း၊ ကဗျာစပ်၊ လင်္ကာစပ်ဆိုရာ၌၊ အစပ်၊ အဆက်အသုံးပြုသောကာရန်များကိုလည်း သိရန်လိုအပ်သည်။ ရှိဆရာရို့က-“ကာရန်ဆဲ့တစ်၊ သတ်ဆစ်ဆယ်ပါး၊ သုံးဆယ့်ငါးနှင့်၊ တခြားဆယ့်ခြောက်၊ အကျည်းထောက်၍၊ ခြောက်ဆယ်လေးသွယ်၊ ကာရန်ကျယ်၏” ဟုစပ်ဆိုခြင်းပြုထားကြ၏။ ယင်းအဆိုအရ ခွဲပြသိသာနိုင်၏။

ကာရန်အမည်နှင့် ရေတွက်ပုံအကျည်း

(က) ကာရန်ဆဲ့တစ်ကား-အ,ကာရန်၊ ဣ၊ ဥ၊ ဧ၊ အဲ၊ သြ၊ အိပ်၊ အောက်၊ အိုက်,ကာရန်ရို့ဖြစ်ကြသည်။
(ခ) သတ်ဆစ်ဆယ်ပါးကား-က,သတ်၊င၊ စ၊ ည၊ တ၊ န၊ ပ၊ မ၊ ယ၊ ဝ,သတ်ကာရန်ရို့ဖြစ်ကြသည်။
(ဂ) သုံးဆယ့်ငါးပါးနှင့်ဟူသည်ကား- အ,ကာရန္တာဒိ၊ ဣ၊ ဥ၊ ဧ၊ အဲ၊ သြ၊ အက်၊ အင်၊ အစ်၊ အည်၊ အဉ်၊ အတ်၊ အန်၊ အပ်၊ အမ်၊ ဝ,သတ်၊ အိုကာရန္တာဒိရို့ဖြစ်ကြသည်။ (အဂုအခါ (ဝ်) ဝ,သတ်ကိုအသုံးမပြုကတ်ဗျာယ်။)

၎င်းလေးမျိုးအနက် နောက်ဆုံးအကျဉ်းကောက်ကာရန်(၁၆)ပါးကိုအကျယ်ရေတွက်လိုက်လျှင် (၆၄)သွယ် ကာရန်ဖြစ်လာသည်။ အေထက်အကျယ်ဆုံးကာရန်ဟူ၍ကား မဟိပါဗျာယ်။

ရခိုင်သဘာဝတေးကဗျာစပ်နည်း (အပိုင်း-၁)

အခန်း (၁)

ရခိုင်သဘာဝတေးကဗျာစပ်နည်းစပ်ဟန်ကို လေ့လာသူ သိဟိရအချက်များ

လူပေါ်စခေတ်ကတည်းကပင် တေးကဗျာများလည်းဆင်းသက်လာပါသည်ဟု ဆိုလီသည်။ စာပီထက်
ကဗျာကရှေးကျပါသိမ့်၏။ ဇာကြောင့်ဆိုသော် မွီးဖွားစကပင် မိခင်သည်
တေးကဗျာကိုဆို၍ အချေကိုချော့သည်။ မအိပ်,အိပ်အောင်သိပ်၍ အိပ်ပျော်စီသည်။
ယင်းသို့ကဗျာဖြင့် မွီးမြူလာရခြင်းဖြစ်သည်။

မှတ်ချက်။ကဗျာစပ်ရာ၌ ကာရန်နောက်သို့ဂျည်းလိုက်၍ မရေးစပ်သင့်။ အဓိပ္ပါယ်နောက်သို့လိုက်၍သာ ကာရန်ကိုယူ၍ ရီးစပ်သင့်ပါသည်။

ဥပမာ။
(၁) ကာရန်သာစပ်၍ အဓိပ္ပါယ်မစပ်ခြင်းမျိုး။
(၂) အဓိပ္ပါယ်သာစပ်၍ ကာရန်မစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းမစပ် ကာရန်လည်းမစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းစပ် ကာရန်လည်းစပ်ခြင်းမျိုး။

နှောင်းအတိတ် သမိုင်းပုံရိပ်များ

နှောင်းအတိတ် သမိုင်းပုံရိပ်များ

သူ့ကျွန်မခံ ဗိုလ်ချင်းပျံ၏ တော်လှန်ရေးခရီး

ဘာသာပြန်ဆိုသူ မောင်ဦးရှင်နှင့် အောင်ကျော်သိန်း

အချိန်ကား ရခိုင်ရို့ ထီးကျိုးစည်ပေါက် နန်းမပျောက်မှီကာလ (၁၇၈၄)ခု မတိုင်မီ နှစ်ပေါင်း ၁၀၀ ကျော် အချိန်ကဖြစ်သည်။

ရခိုင်ပြည်၏ နိုင်ငံရေး၊ ပြည်ထဲရေး အထူးသဖြင့် နန်းတွင်းအရေးအခင်းများသည်
မငြိမ်မသက်နှင့် အယှုပ်အထွီး ဖြစ်နိန်သောကာလ ဖြစ်သည်။ ရခိုင် ရာဇပလ္လင်ကို
အပိုင်အုပ်စိုးရန် ရခိုင်အမျိုးသားအချင်းချင်း သူတစ်လူ ငါတစ်မျိုးဖြင့်
နည်းမျိုးစုံဖြင့် ကြိုးပမ်းနိန်ကြသည်။ ရခိုင်အမျိုးသားအချင်းချင်းကြားတွင်
စည်းလုံးညီညွတ်ရေးမှာ အဖတ်ဆယ်မရအောင် ပြိုကွဲလျှက်ဟိနိန်ပါသည်။
မြောက်ဦးမြို့တော်၏ အမိန့်ကို မနာခံသော မြို့စား နယ်စား များသည် သူတလူ
ကိုယ်တမင်း ဖြင့် တိုင်းပြည်ကို အုပ်ချုပ်လျှက် ဟိကြသည်။

ထိုအချိန်တွင် ရခိုင်ခေါင်းဆောင်တချို့သည် မိမိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ
တစ်နိုင်ငံဖြစ်သော ဗမာပဒေသရာဇ် သျှင်ဘုရင်ထံ လားရောက်၍
ရခိုင်ပြည်တွင်းအရေးအား ငြိမ်ဝပ်ပီးရန်အတွက် အကူအညီလားရောက် တောင်းဆို
ခပါသည်။ ထို့ကြောင့် ဗမာ ပဒေသရာဇ်သျှင်ဘုရင် ဘိုးတောင်မောင်ဝိုင်းသည်
သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်အား ကျူးကျော်ဝင်ရောက်ပြီး နန်းရိပ်
ထီးဖြူကို အလွယ်တကူ သိမ်းပိုက်ရယူနိုင်ခသည်။ ၎င်းနောက်ပိုင်း
ရခိုင်တစ်မျိုးသားလုံးမှာ သူ့ကျွန်ဘ၀သို့ လူလုံးမလှ ကျရောက်ခကြရပါသည်။

အစိကေခါဆိုခ မှတ်မိသမျှ ကဗျာချေတိ (၁)

ကျားဆို။
တမန်းပြင်ကို လက်ယာရစ်လို့
ကွန်ပစ်လားဖို့...။

မဆို။
ပဇွန်ဖြူကို မေမစားလို
ဂြိုးသားရှာခီ...။

ကျားဆို။
တရက်ထောင်လေ တကောင်မကျ
နှစ်ရက်ထောင်လေ တကောင်မကျ
သုံးရက်အတက် ဂြိုးချေမောင်
ဘယ်ခြီသန်းကို တန်းလန်းငြိယာ။
ကန်ဘောင်သာမှာ အမွီးနှုတ်ကေ
ဖုတ်စားကတ်ဖို့...။

မဆို။
စေ့စေ့ငင် ရင်အုံသားကို
မေစားမေ နှောင်း....။

...............
၂၆.၀၆.၂၀၁၀

ချစ်စရာ ရခိုင်ကျေးလက်တေးကဗျာ

ပိတောက်မယေ ဝင်းဝါ၊ ပန်းမာလာလေ၊
လွှမ်းကာပွင့်ပြီ၊ မိုးရာသီကို၊ အညီခေါ်လှမ်း၊
မေရို့မှာလေ၊ တောင်ယာစွမ်း၌၊
စိမ်းလန်းမြရောင်၊ ငှက်ခါးတောင်သို့၊
ယာဖောင်စပါး၊ မျိုးသခွားနန့်၊ စည်ကားလှရေ
မယ့်မြင်ထွေမှာ၊ စိတ်ခွေဝမ်းသာ
နောင်နှစ်ခါလေ၊ ကောင်းရာမျိုးစိ၊
အထွီးထွီးကို၊ မယ်ကသိမည်၊
ဟန်စိလေ၊ ဟန်စွလေ။

...............................

ချရားပွင့်ကောက်
~~~~~~~~~~

ချရားပွင့်ဖြူဖြူ၊ ပင်မြင့်ထက်မှာ၊ မွှီးကြူကြူ။
မွှီးကြူပန်းဆိုင်၊ ရွာတော်လုံးမှာ၊ သင်းလို့ကြိုင်။
သင်းကြိုင်ပန်းပွင့်၊ ပင်ခြီရင့်ကို လီနန့်ရွင့်။
အရီူသျှင့်သား၊ မေချစ်သူလေ၊ အိုက်မျောက်သား။
တူတူကျွန်ရို့၊ ချရားပွင့်ဖြူ၊ ကောက်ကတ်ဖို့။
ခုပင်ယကေ၊ ပင်ခြီရင့်ကို၊ လားကတ်မေလေ။


(ရခိုင်သားကြီးစာပီမှ ၁၉၉၆ ခုနှစ်၊ ပထမအကြိမ် ထုတ်ဝီရေ ဆရာကြီး မောင်ဗသိန်း၏ “ရခိုင်စာအရီးအသားနန့် ပြဿနာများ” စာအုပ်မှထုတ်နှုတ်လို့ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယင်းရခိုင်စာအရီးအသားနန့် ပြဿနာများ စာအုပ်ကို စကိန်ဖတ်လို့ PDF လုပ်ဖို့ အစီအစဉ်ဟိပါရေ။ ယေခါမှရာ အပြည့်အစုံကိုဖတ်ကတ်ပါဖိ။ :P)

နောက်ကျနိန်ဗျာယ်

နှစ်ပေါင်းများစွာ တည်တံ့လာပြီး
ရက္ခိုင်ထီးနန်း ကျဆုံးခန်းကား
“ဥသြရီသောက်” သက္ကရာဇ်ရောက်မှာ
ထီနန်းလည်းပျောက် စည်တိပေါက်လို့
စာပီလည်းတုံး လူမျိုးပြုန်းရေ။

ရှေ့သို့တခေတ် တိုးကြည့်လိုက်ကေ
ရက္ခိုင်ပြည်သား လူအများကို
“ပျူပင်ခုတ်က ပျူငုတ်မကျန်စေ”
ကြွီးကြော်လီပြီး
“ချင်းပျံ”အမည်ခံ မာယာညာဏ်နန့်
ရက္ခိုင်လူမျိုး ပြပြစ်ပြုန်းအောင်
သတ်ဖြတ်ပြန်ခ ဗန္ဓုလ။

ဘလူးမိုက်ကို တိုက်ကတ်မေ

ကိုယ့်ပြည်အကျိုး ကိုယ့်မျိုးတွက်ဆို
တိုက်ပွဲမပြီး သွီးချောင်းစီးစီ
အသက်ကိုပီး ဓာကိုသွီးလို့
အာဂယောက်ျား ရခိုင်သားဟု
အဖရခိုင်ပြည် ရက္ခမြီမှာ
ဘလူးဝင်စား ပမာလားသို့
မိစ္ဆာအောက်သား န.အ.ဖ များကို
အမြစ်ကိုဖြုတ် အငုတ်မကျန်အောင်
လာဝေတိုက်ထုတ်ပစ်ကတ်မေ။

၂၀-၁၂-၂၀၀၃

လူပျင်းစာဆို လွမ်းစာငို

လူပျင်းစာဆို လွမ်းစာငို

အခြိုးကြူကေ နီပူဝင်းဝင်း
ပြင်းကျင်းကျင်းနန့်
လူပျင်းစာဆို အဘိုးအိုလေ
တောင်ပေါ်ထက်က မေကိုမြင်ကေ
ဘာဘာသန်းဗျာယ်
လွမ်းလို့ ငိုရေ။

(မှတ်ချက်။ မူလစာဆိုသျှင်နာမည်နန့် စာအုပ်နာမည်ကို မသိပါဗျာယ်။ မှတ်စုစာအုပ်ထဲက ကဗျာကိုပြန်လို့မျှလိုက်ခြင်းသာ ဖြစ်ပါသည်။)

မွီးသဇင်

မွီးသဇင်

တောင်ပုတ် ကေမှာ
ကျားသျှေ ကျော်လမ်း
ကျောင်းပါး တောင်မှာ
သဇင်ပန်းကို
လူနမ်းလားယာ
ကိုယ့်ကိုကို ကိုယ့်ကိုချစ်ကေ
စိတ်ညစ်တေလေ။
...........................

(မှတ်ချက်။ မူလစာဆိုသျှင်နာမည်နန့် စာအုပ်နာမည်ကို မသိပါဗျာယ်။ မှတ်စုစာအုပ်ထဲက ကဗျာကိုပြန်လို့မျှလိုက်ခြင်းသာ ဖြစ်ပါသည်။)

ဖောက်ပြန်နိန်သော သတ်ပုံတခု

“ရ”ကိုမနိုင် ရခိုင်ကိုမိန်း
ဆိုရိုးစကား ဟိပြန်ငြားလည်း
“ရ”နန့်“ယ”ကို ခွဲခြားပိုင်ပိုင်
မပြောနိုင်ရေ ရခိုင်ပြည်သူ
လူသူတချို့ အတွေးဖောက်ပြန်
Brain မမှန်လို့ သူရို့ပြောသံ
လီသံတိက “မင်းရှိ/ရှေ့မှာ”အစား
“မင်းချိမှာ”လို့ လီသံထွက်ကေ
ရခိုင်သံနန့် အမှန်ရေးရန်
သူရို့ရှာပြန်ကေ “မင်းဟြိ”လို့ရာ
ပျင်ကတ်ပြန်ဗျာယ်။


“ရှာရေဖွီရေ” စသည်စကား
ပြောကြားဖို့က အချိန်ကျကေ
မဆီမဆိုင် သူရို့တိက
ရေးပြကတ်စွာ
“ရှာ”၏အစား “ဟြာ”လို့တခါ
ရေးပြန်လာကေ ဖောက်ပြန်သူရို့
သတ်ပုံသစ်။

April 2, 2010 at 5:05pm