Friday, August 27, 2010

ချစ်စရာ ရခိုင်ကျေးလက်တေးကဗျာ

ပိတောက်မယေ ဝင်းဝါ၊ ပန်းမာလာလေ၊
လွှမ်းကာပွင့်ပြီ၊ မိုးရာသီကို၊ အညီခေါ်လှမ်း၊
မေရို့မှာလေ၊ တောင်ယာစွမ်း၌၊
စိမ်းလန်းမြရောင်၊ ငှက်ခါးတောင်သို့၊
ယာဖောင်စပါး၊ မျိုးသခွားနန့်၊ စည်ကားလှရေ
မယ့်မြင်ထွေမှာ၊ စိတ်ခွေဝမ်းသာ
နောင်နှစ်ခါလေ၊ ကောင်းရာမျိုးစိ၊
အထွီးထွီးကို၊ မယ်ကသိမည်၊
ဟန်စိလေ၊ ဟန်စွလေ။

...............................

ချရားပွင့်ကောက်
~~~~~~~~~~

ချရားပွင့်ဖြူဖြူ၊ ပင်မြင့်ထက်မှာ၊ မွှီးကြူကြူ။
မွှီးကြူပန်းဆိုင်၊ ရွာတော်လုံးမှာ၊ သင်းလို့ကြိုင်။
သင်းကြိုင်ပန်းပွင့်၊ ပင်ခြီရင့်ကို လီနန့်ရွင့်။
အရီူသျှင့်သား၊ မေချစ်သူလေ၊ အိုက်မျောက်သား။
တူတူကျွန်ရို့၊ ချရားပွင့်ဖြူ၊ ကောက်ကတ်ဖို့။
ခုပင်ယကေ၊ ပင်ခြီရင့်ကို၊ လားကတ်မေလေ။


(ရခိုင်သားကြီးစာပီမှ ၁၉၉၆ ခုနှစ်၊ ပထမအကြိမ် ထုတ်ဝီရေ ဆရာကြီး မောင်ဗသိန်း၏ “ရခိုင်စာအရီးအသားနန့် ပြဿနာများ” စာအုပ်မှထုတ်နှုတ်လို့ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယင်းရခိုင်စာအရီးအသားနန့် ပြဿနာများ စာအုပ်ကို စကိန်ဖတ်လို့ PDF လုပ်ဖို့ အစီအစဉ်ဟိပါရေ။ ယေခါမှရာ အပြည့်အစုံကိုဖတ်ကတ်ပါဖိ။ :P)

No comments:

Post a Comment