Friday, August 27, 2010

နောက်ကျနိန်ဗျာယ်

နှစ်ပေါင်းများစွာ တည်တံ့လာပြီး
ရက္ခိုင်ထီးနန်း ကျဆုံးခန်းကား
“ဥသြရီသောက်” သက္ကရာဇ်ရောက်မှာ
ထီနန်းလည်းပျောက် စည်တိပေါက်လို့
စာပီလည်းတုံး လူမျိုးပြုန်းရေ။

ရှေ့သို့တခေတ် တိုးကြည့်လိုက်ကေ
ရက္ခိုင်ပြည်သား လူအများကို
“ပျူပင်ခုတ်က ပျူငုတ်မကျန်စေ”
ကြွီးကြော်လီပြီး
“ချင်းပျံ”အမည်ခံ မာယာညာဏ်နန့်
ရက္ခိုင်လူမျိုး ပြပြစ်ပြုန်းအောင်
သတ်ဖြတ်ပြန်ခ ဗန္ဓုလ။



“တင်းဝါးပန်းခိုင် တမြိုင်မြိုင်”ကို
နိန့်နံလိုက်သာ ကောက်ကြည့်ပါက
ရက္ခိုင်ပြည်သား လူအများအား
ဗမာဗန္ဓုလ သတ်ဖြတ်ခစော်
အဖြေပေါ်ရေ။

အို.....
ရက္ခိုင်ပြည်သား လူအများရို့
လက်နက်ကိုယ်စီ ကိုင်တွယ်စွဲသုံး
အယင်စုရုံးပြီး
ကျွန်ဘဝက လွတ်မြောက်ရအောက်
လေးရပ်ဝတီ ပေါင်းစုညီဗျာယ်
မိစ္ဆာအောက်သား န.အ.ဖ များကို
တိုက်ထုတ်ဖို့အချိန် နောက်ကျနိန်ဗျာယ်။

.......................
N.M.K(Arakan)

(မှတ်ချက်။ ။ ရခိုင်အမျိုးသားနိုးကြားရေးစာစောင်အမှတ်(၁)မှ ကူးယူဖော်ပြလိုက်ပါသည်။)

No comments:

Post a Comment