Wednesday, September 8, 2010

ရခိုင်သဘာဝတေးကဗျာစပ်နည်း (အပိုင်း-၄)

အခန်း (၄)

ကာရန်ဆက်စပ်နိုင်သည်များ

အသံမစပ်သောကာရန် (၆၄)သွယ်ဟိကြောင်း ဖော်ပြခပြီလီယာ။ ထို့အပြင် ဖော်ပြပါစပ်နည်းရို့၌ အသံကာရန်အပြင်၊ အနီးစပ်အသံကာရန်များဖြင့်လည်း စပ်ဆိုထားကြောင်းတွိ့နိုင်ပေသည်။

ဥပမာ။ စပ်နည်း (၂) ၌-
“ဆိုက်” နှင့် “ဖြစ်” ကို၎င်း၊ “ဇာ” နှင့် “တော်” ကို၎င်း၊

စပ်နည်း (၁) ၌-
“တော်” နှင့် “ခါ”ကို၎င်း၊ “ရား” နှင့် “လော” ကို၎င်း၊ အသံကာရန်အဖြစ်ယူထားလီသည်။

ထို့အပြင် စပ်နည်း (၁)၌-
“နု” နှင့် “ဖူး”ကို၎င်း၊ အနီးစပ်သံ သို့မဟုတ် သံပြောင်းသံခွဲအဖြစ်သုံးထားသည်။

ဤသို့လျှင် စပ်နိုင်သော ကာရန်များမှာ အောက်၌ဖော်ပြထားသည့်အတိုင်း လေ့လာနိုင်သည်။

“အူ” နှင့် “အု” ကာရန်စပ်ပုံ
ဆုထူးယူကေ၊ ကောင်းမှုတို့မေ (ဇိသျှင်ခိုးကေ ကဗျာမှ)

Monday, September 6, 2010

အန်ထုတ်ခြင်း

လွပ်လပ်ရေးအကြို ပျော်ပွဲဆိုပြီး
ဘောလုံးတိပြိုင် အပြီးပြိုင်လို့
ပျော်ပွဲရွှင်ပွဲ ငွီကြေးကုန်ပြီး
ဗွီဒီယိုပွဲ ခြိမ့်ခြိမ့်သဲလို့
ဗမာအလံ တလူလူရွှင့်ထူ
“မိုက်” “ဆောင်းဘော့(စ်)”နန့် ခွီးပိုင်အူ
အရက်သောက်လို့ သူရို့ဆူ။

“လွတ်လပ်ရေးအကြို၊ လွပ်လပ်ရေးအကြို-
လွပ်လပ်ရေးအကြို” တကြိုကြိုနန့်
ဇ,လေးဝကို တဝမသိ
ဝ,မဟိဘဲ ဝိ,လည်းလုပ်လို့
ပပိန်မသားတိ သူရို့ပြောကေ
သမိုင်းကြောင်းတိ။