Monday, August 30, 2010

ဥဂ္ဂါပျံ၏ (၁၂) လရာသီဖွဲ့ရတု

(၂) ကဆုန်
တန်းခူးကုန်ပြန်၊ တာသင်္ကြန်လည်း၊ လွန်လတ်သည်။ ။ ခုဆန်းရေ-ကဆုန်လ၊ မောင့်ကြောင့်စိတ်ပူ၊ မှီးသူတ- တတနယ့်။ ။ စိမ်းရောင်မြ-ပင်တကာ၊ ရွက်သစ်နုဆောင်၊ ပင်တိုင်းပြောသည်၊ ခြောက်ရောင်အလျှံဖြာသား။ ။ ရှုချေသော်- လွမ်းဘွယ်တိ၊ ကဆုန်ရီသွန်း၊ မိုဃ်းပန်းပွင့်လာဘိက။ ။ စိတ်သတိ-ညှိုးပူဆာ၊ ခြိုးသားကူကေ၊ စိတ်ပူရောက်ပြန်လှာ၍။ ။ ဘုံမွေ့ရာ သလွန်ထက်၊ ညဥ့်လေးယံမှာ၊ တယံမယ်မစက်တည့်။ ။ ကြံတွေးဆ- နေ့စဉ်ခါ၊ ဝတိန်တရိုး၊ ပဇ္ဇုန်မိုဃ်းသည်၊ ဖြိုးဖြိုးရွာပြန်လှာ၏၊ မယ့်လွမ်းစွာကို- မောင်မသိ၊ ပဇ္ဇုန်သခင်၊ ပြိုးပြောက်ဆင်ကေ၊ ကောင်းကင်လျှပ်ရောက်ပြီ့မျှ။ ။ ရှုကြည့်ဘိ- ခုချိန်ခါ၊ သောတာပန်းလောင်း၊ ရောင်မောင်းတစ်ထောင်ဖြာသား။ ထွက်လာရေ- နီမင်းနတ်-ဣန္ဒခေါ်တွင်၊ ဝတိန်ခွင်ဝယ်၊ မြင်းဆင်ရထားတပ်၍။ ။ ချီတက်လတ်- မိုးကောင်းကင်၊ မြင်းမိုရ်လှည့်ပတ်၊ ယုဂန်ထွဋ်ဝယ်၊ ချည်းကပ်လာလတ်ကျင်မှ။ ။ ဘုန်းတန်းရှင်- ပဇ္ဇုန်နတ်- မြပန်းမြပင်၊ မြကုံးဆင်ကေ၊ နတ်သျှင်မြင်ပြန်လတ်ကေ။ ။ ဆွတ်ဆွတ်ပြုံးရယ်ရွှင်၊ ဘယ်ကတင့်ဆုံး၊ မံကြိမ်လုံးနှင့်ပင်တည့်။ ။ ညာဘက်တွင်- စွဲးသံလျက်၊ မိုဃ်းနတ်ဘုန်းရှင်၊ က-မြဲးဆင်သည်၊ ပျော်ရွှင်မြင်းနှင့်ထွက်က။ ။ ပြိုးပြိုးပြက်လျှပ်ရောင်ဖြာ၊ ကဆုန်စ-မိုဃ်း၊ ထင်ကြိုးသွန်းချလာသည်။ ။ မယ့်ကို လွမ်းရာဖြစ်ဖို့လေ။ ။



------------
ဝန်ခံချက်။
။ ဒွါရာဝတီ ဦးမောင်ကြီး၏ “ဥဂ္ဂါပျံဆို-ရတုများ” (ပထမအကြိမ်-၂၀၀၆ ခုနှစ်၊ ဇန်နဝါရီ) ထုတ်စာအုပ်မှကူးယူဖော်ပြလိုက်ပါရေ။

(ကျန်ရေအပိုင်းတိကိုဆက်လို့တင်ပီးလားပါမေ။)

Kason. - May

The water feast is past; a new moon waxes; Still my thoughts follow you incessantly.
Everywhere doves are cooing; through the leaves. The light seems every colour of gay
green Or misty showers pass over in thin drizzle. But all these only make my heart more sad, For
thinking I must see them without you, So that three parts of the night I often
lie Wakeful and wishing you were by me here, That we might watch together the
moving sky, See the Rain-king marshall his thunder clouds And make his
lightings flicker; see the Sun-king; In his rich coat of a thousand scarlet
flames, Drive out and set his horses at a gallop In circuit of Mount Meru; on
the summit the King of Heaven sits; smiling at this, Until, an amber rod in his
left hand, His right upon a sword, he shouts gain. At once the Rain-king
summons back the clouds, Darkens the sky, darts lighting everywhere, And a
shower rushing down settles the dust.

1 comment:

  1. ကိုးကားစရာဟိလို့ ကျေးဇူးပြုပနာ ရတုအပြည့်အစုံကို အရင်တင်ပီးစီချင်ပါရေ ကျေးဇူးတင်ပါရေ

    ReplyDelete